Wednesday, 12 March 2014

တဖြည်းဖြည်း မြင့်တက် လာသည့် အိန္ဒိယ- တရုတ် နယ်စပ် အငြင်းပွားမှု

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အကြား နယ်စပ် စည်းမျဉ်း ဖြတ်ကျော်မှုနှင့် စပ်လျဉ်း၍ ယင်းနိုင်ငံ အစိုးရများ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပ၍ အဖြေရှာရန် ကြိုးပမ်း ခဲ့သော်လည်း တင်းမာမှုများမှာ တဖြည်းဖြည်းမြင့် တက်လာလျက် ရှိသည်ကို တွေ့ရသည်။
အိန္ဒိယ အာဏာပိုင် များက ပြောကြား ခဲ့သည်။ ထို့နောက်တွင် အိန္ဒိယ အစိုးရ သည် တရုတ် တပ်ဖွဲ့ဝင်များ၏ စခန်းချမှုကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတပ်များ စခန်းချရာမှ ၁၅ဝ မီတာခန့်သာ ကွာဝေး သည့် နေရာတွင် အိန္ဒိယ တပ်များကိုထပ်မံ ပြောင်းရွှေ့ ချထားခဲ့သည်။
သို့ရာတွင် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်ခြား စည်းမျဉ်းကို ဖြတ်ကျော်၍ အိန္ဒိယပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့သည် ဟူသော အိန္ဒိယ အစိုးရ၏ ပြောကြားချက်ကို တရုတ် နိုင်ငံက ငြင်းဆို ခဲ့ရုံသာမက တရုတ် တပ်ဖွဲ့များသည် ၎င်းတို့၏ ပိုင်နက် နယ်နိမိတ် အတွင်း၌သာ ကင်းလှည့်ခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာမှ ပြောရေးဆိုခွင့် ရှိသူ ဟွာချွမ်ယင်းက ပြန်လည် ချေပ ထားသည်ကို တွေ့ရသည်။
ထိုမျှသာမက အိန္ဒိယ စစ်တပ်သည် တရုတ် နယ်စပ်တွင် ''ရန်လိုသည့် ကင်း လှည့်ခြင်းမျိုး''ကို လုပ်ဆောင် ခဲ့သည်ဟု တရုတ် နိုင်ငံက ပြန်လည် စွပ်စွဲခဲ့ပြီး ယင်းသို့ လုပ်ဆောင်မှုများအား  ရပ်တန့်ပစ်ရန် အိန္ဒိယ နိုင်ငံအား  တောင်းဆို ထားခဲ့ သည်။
ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍  တရားဝင် ကန့်ကွက်ရန် အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ရန်ဂျန် မာသာအီက အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအား ဆင့်ခေါ်၍ တွေ့ဆုံခဲ့သည်။
ထို့အတူ အဆိုပါ နယ်စပ် အငြင်းပွား မှုကို ဖြေရှင်းရေး အတွက် အင်အားသုံး ဖြေရှင်းမည့် နည်းလမ်း အပါအဝင် အခြား ရွေးချယ်စရာ နည်းလမ်းများကို စစ်တပ်က အိန္ဒိယ အစိုးရထံ တင်ပြခဲ့သည့် အပြင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီကရမ်ဆင်း ကိုယ်တိုင် ကက်ရှ်မီးယား ဒေသ သို့ လေယာဉ်ပျံဖြင့် သွားရောက်၍ ဒေသတွင်းရှိ တပ်မှူးများနှင့် တွေ့ဆုံပြီး အငြင်းပွားမှုနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်။
အလားတူပင် အိန္ဒိယ နိုင်ငံသည် နည်းလမ်းမျိုးစုံ အသုံးပြု၍ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု ကာကွယ်ရေး ဝန်ကြီး အေကေအန်ထော်နီ က အစောပိုင်းတွင် သတိ ပေးထားခဲ့သည်။ အိန္ဒိယ နိုင်ငံသည် ကက်ရှ်မီးယား ဒေသတွင် ပါကစ္စတန် နိုင်ငံနှင့် နယ်စပ် အငြင်းပွား မှုတွင်လည်း အလားတူ ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။
အိန္ဒိယနှင့်   တရုတ်နိုင်ငံ တို့သည် နယ်စပ် အငြင်းပွားမှုကြောင့် ဟိမဝန္တာ ဒေသများဖြစ်သည့် လာဒက်နှင့် အာရွန် နာချာပရာဒက်ရှ်တို့တွင် ၁၉၆၂ ခုနှစ် အတွင်းက စစ်ပွဲ ဆင်နွဲခဲ့ကြပြီး ယင်းနောက်တွင်လည်း နယ်စပ်အရေး ဖြေရှင်းနိုင်ရန် ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေး နွေးခဲ့သော်လည်း အငြင်းပွားမှုကို အပြီးတိုင် ဖြေရှင်း နိုင်ခဲ့ခြင်း မရှိပေ။
ယခု ဖြစ်ပွားခဲ့သည့် အိန္ဒိယ- တရုတ် နယ်စပ် အငြင်းပွားမှုသည် အာရှဒေသတွင် ကြီးထွားလာသည့် တရုတ် နိုင်ငံ၏ လွှမ်းမိုးမှုကို ယှဉ်နိုင်ရန် အတွက် အမေ ရိကန် အစိုးရက''အာရှဒေသ ဗဟိုပြုရေး'' မူဝါဒကို အကောင် အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ပေါ်ထွက်လာခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယ နိုင်ငံတို့သည် ''မဟာဗျူဟာမြောက် ပူးပေါင်းရေး'' အဖွဲ့ကို ဖွဲ့စည်း တည်ထောင်၍ တရုတ် အစိုးရ၏ အင်အား ကြီးထွားလာမှုကို တန်ပြန်ရန် ရည်ရွယ် ထားလျက် ရှိသောကြောင့် လက်ရှိ ဖြစ်ပွားနေသည့် နယ်စပ် အငြင်းပွားမှုကို သက်ဆိုင်ရာ နိုင်ငံများ က ခေါင်းအေးအေး ထား၍ ဖြေရှင်းရန် လိုအပ်မည်ဟု သုံးသပ်ရပါ သည်။    ။
http://www.myawady.net.mm

အမေရိကန် ရေတပ်၏ USS Gerald R.Ford လေယာဉ်တင် သင်္ဘောအား အသေးစိတ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်မည်


ဝါရှင်တန် မတ် ၁၁
အမေရိကန် ရေတပ်၏ USS Gerald R.Ford လေယာဉ်တင် သင်္ဘောအား အသေးစိတ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ရန် နှစ်နှစ်ကျော် ကြာမြင့်မည် ဖြစ်ပြီး ၎င်းတွင် နောက်ဆုံးပေါ် ရေဒါ နည်းပညာ များနှင့် လေယာဉ်တင် သင်္ဘောပေါ်မှ မောင်းသူမဲ့ လေယာဉ်များ ပစ်လွှတ်နိုင်ရေး နောက်ဆုံးပေါ် စနစ်များ တပ်ဆင်ထားကြောင်း မတ် ၁၁ ရက် အင်တာနက် သတင်းတစ်ပုစ် အရ သိရသည်။
USS Gerald R.Ford လေယာဉ်တင် သင်္ဘောသည် အလေးချိန်တန် ၁ဝဝ,ဝဝဝ နီးပါးရှိပြီး အမှုထမ်း ဦးရေ ၄၆ဝဝ ကျော် နေထိုင်နိုင်ကာ လေယာဉ် ၇၅ စင်းအထိ တင်ဆောင် ထားနိုင်ကြောင်း၊ ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံ ဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ရေတပ်၌ တာဝန် ထမ်းဆောင်ရန် သတ်မှတ် ထားသော်လည်း ၎င်းသင်္ဘော တည်ဆောက်သူများ အနေဖြင့် တပ်ဆင်ထားသော စနစ် အများအပြားကို အသေးစိတ် စမ်းသပ် စစ်ဆေးရန် ၂၆ လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
၎င်းသင်္ဘောတွင် အဆင့် မြှင့်တင်ထားသော ရေဒါ စနစ်များ ၊ ပိုမို စွမ်းအားပြည့်သော နျူကလီးယား စွမ်းအင် စက်ရုံများနှင့် သင်္ဘော ကုန်းပတ်မှ လေယာဉ်များကို ပိုမို ထိရောက်စွာ တွန်းပို့ ပေးနိုင်သော အီလက်ထရို မဂ္ဂနက်တစ် ပစ်လွှတ်စင်များ အပါအဝင် နည်းပညာသစ် အမြောက်အမြား ထည့်သွင်းတပ်ဆင် ထားသောကြောင့် ၎င်းသဘောင်္ စမ်းသပ်မှု အဆင့်များကို ပုံမှန်ထပ် ပိုမို ဆောင်ရွက်ရပြီး အချိန်ကာလ ပိုမို ကြာမြင့်နိုင်ကြောင်း သိရသည်။
Ford အတန်းအစား လေယာဉ်တင် သင်္ဘောများသည် အမေရိကန် ရေတပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောများ နေရာတွင် အစားထိုး တာဝန် ထမ်းဆောင်သွားမည် ဖြစ်ပြီး နှစ်ပေါင်း ၅၀ ခန့် တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm