Wednesday, 12 March 2014

အမေရိကန် ရေတပ်၏ USS Gerald R.Ford လေယာဉ်တင် သင်္ဘောအား အသေးစိတ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်မည်


ဝါရှင်တန် မတ် ၁၁
အမေရိကန် ရေတပ်၏ USS Gerald R.Ford လေယာဉ်တင် သင်္ဘောအား အသေးစိတ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ရန် နှစ်နှစ်ကျော် ကြာမြင့်မည် ဖြစ်ပြီး ၎င်းတွင် နောက်ဆုံးပေါ် ရေဒါ နည်းပညာ များနှင့် လေယာဉ်တင် သင်္ဘောပေါ်မှ မောင်းသူမဲ့ လေယာဉ်များ ပစ်လွှတ်နိုင်ရေး နောက်ဆုံးပေါ် စနစ်များ တပ်ဆင်ထားကြောင်း မတ် ၁၁ ရက် အင်တာနက် သတင်းတစ်ပုစ် အရ သိရသည်။
USS Gerald R.Ford လေယာဉ်တင် သင်္ဘောသည် အလေးချိန်တန် ၁ဝဝ,ဝဝဝ နီးပါးရှိပြီး အမှုထမ်း ဦးရေ ၄၆ဝဝ ကျော် နေထိုင်နိုင်ကာ လေယာဉ် ၇၅ စင်းအထိ တင်ဆောင် ထားနိုင်ကြောင်း၊ ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံ ဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ရေတပ်၌ တာဝန် ထမ်းဆောင်ရန် သတ်မှတ် ထားသော်လည်း ၎င်းသင်္ဘော တည်ဆောက်သူများ အနေဖြင့် တပ်ဆင်ထားသော စနစ် အများအပြားကို အသေးစိတ် စမ်းသပ် စစ်ဆေးရန် ၂၆ လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
၎င်းသင်္ဘောတွင် အဆင့် မြှင့်တင်ထားသော ရေဒါ စနစ်များ ၊ ပိုမို စွမ်းအားပြည့်သော နျူကလီးယား စွမ်းအင် စက်ရုံများနှင့် သင်္ဘော ကုန်းပတ်မှ လေယာဉ်များကို ပိုမို ထိရောက်စွာ တွန်းပို့ ပေးနိုင်သော အီလက်ထရို မဂ္ဂနက်တစ် ပစ်လွှတ်စင်များ အပါအဝင် နည်းပညာသစ် အမြောက်အမြား ထည့်သွင်းတပ်ဆင် ထားသောကြောင့် ၎င်းသဘောင်္ စမ်းသပ်မှု အဆင့်များကို ပုံမှန်ထပ် ပိုမို ဆောင်ရွက်ရပြီး အချိန်ကာလ ပိုမို ကြာမြင့်နိုင်ကြောင်း သိရသည်။
Ford အတန်းအစား လေယာဉ်တင် သင်္ဘောများသည် အမေရိကန် ရေတပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောများ နေရာတွင် အစားထိုး တာဝန် ထမ်းဆောင်သွားမည် ဖြစ်ပြီး နှစ်ပေါင်း ၅၀ ခန့် တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment