Thursday, 28 August 2014


ဝါ​ရှင်​တန်  နိုဝင်ဘာ  ၁

အမေ​ရိ​ကန်​ရေတပ်​၏ MQ- 8C Fire Scout မောင်း​သူ​မဲ့ ရဟတ်​ယာဉ်​ပုံစံ​သစ်​သည် ကယ်​လီ​ဖိုး​နီး​ယား ပြည်နယ် ၌  အောက်တိုဘာ ၃​၁ ရက်​တွင် ၇ မိ​နစ်​ကြာ ပထမ​ဆုံး​အကြိမ်

အောင်မြင်​စွာ ပျံ​သန်း​နိုင်​ခဲ့​ကြောင်း အင်​တာ​နက် သ​တင်း​တစ်​ရပ်​အရ သိ​ရ​သည်။

ပထမ​အကြိမ်​ပျံ​သန်း​ပြီး ၃ နာရီ ခန့်​အကြာ ဒုတိယ​အကြိမ် ပျံ​သန်း​မှု​ကို ဆက်လက်​ဆောင်ရွက်​ခဲ့​ရာ အမြင့်​ပေ ၅​ဝ​ဝ အထိ​ရောက်​ရှိ ပျံ​တက်​နိုင်​ခဲ့​ကြောင်း သိ​ရ​သည်။ ၎င်း​ပုံစံ​သစ် မောင်း​သူ​မဲ့ ရဟတ်​ယာဉ်​တွင် DDG အတန်း​အစား ပဲ့​ထိန်း​ဒုံး​ခွင်း​ဒုံး တပ်​ဆင်​၍ ပစ်ခတ်​စမ်းသပ်​မည် ဖြစ်​ပြီး Littoral တိုက်ခိုက်​ရေး သင်္ဘော​၏ ရည်​မှန်း​ချက် တာဝန်​များ​ကို ထောက်​ကူ​ပြု​ပေး​နိုင်​မည် ဖြစ်​သည်။ အမေ​ရိ​ကန် ရေတပ်​သည် MQ-8C Fire Scout ကို ပင်လယ် ဓားပြ​တိုက်​ဖျက်​ရေး ရည်​မှန်း​ချက် တာဝန်​များ​နှင့် အာ​ဖ​ဂန်​နိုင်ငံ​ရှိ စစ်ဆင်​ရေး​ဆိုင်​ရာ အထောက်​အကူ​ပြု ထောက် လှမ်း​ရေး သ​တင်း​အချက်အလက်​များ စုဆောင်း​ရန် လက်​ရှိ အသုံးပြု​နေ​သော MQ-8B Fire Scout ထက် ပိုမို အကြမ်း​ခံ​၍ အလေး​ချိန် ပိုမို​တင်ဆောင်​နိုင်​ပြီး အကွာ​အဝေး ပိုမို​ပျံ​သန်း​နိုင်​ရန် ပုံစံ​ရေး​ဆွဲ ထုတ်​လုပ် ခဲ့​ခြင်း ဖြစ်​ကြောင်း သိ​ရ​သည်။

MQ-8C Fire Scout ကို ၂​ဝ​၁​၄ ခု​နှစ် အစော​ပိုင်း​တွင် စတင်​တပ်​ဖြန့် ချထား​နိုင်​ရေးမျှော်​လင့် ထား​ပြီး ၎င်း​ရဟတ် ယာဉ်​သည် အမေ​ရိ​ကန်-အာ​ဖ​ရိ​က ကွပ်​ကဲ​မှု ဌာန​ချုပ်​နှင့် အထူး​စစ်ဆင်​ရေး ကွပ်​ကဲ​မှု ဌာန​ချုပ်​တို့​၏ အရေးကြီး​လို အပ်​နေ​သော လို​အပ်​ချက် တာဝန်​များ​ကို ထမ်း​ဆောင်သွား​နိုင်​မည် ဖြစ်​ကြောင်း အမေ​ရိ​ကန် ရေတပ်​က ပြော​ကြား ခဲ့​သည်။

refind; http://www.myawady.com.mmအမေရိကန် ရေတပ်၏ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ် ပျံသန်း