ဝါရှင်တန် နိုဝင်ဘာ ၁
အမေရိကန်ရေတပ်၏ MQ- 8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ်ပုံစံသစ်သည် ကယ်လီဖိုးနီးယား ပြည်နယ် ၌ အောက်တိုဘာ ၃၁ ရက်တွင် ၇ မိနစ်ကြာ ပထမဆုံးအကြိမ်
အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ပထမအကြိမ်ပျံသန်းပြီး ၃ နာရီ ခန့်အကြာ ဒုတိယအကြိမ် ပျံသန်းမှုကို ဆက်လက်ဆောင်ရွက်ခဲ့ရာ အမြင့်ပေ ၅ဝဝ အထိရောက်ရှိ ပျံတက်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်းပုံစံသစ် မောင်းသူမဲ့ ရဟတ်ယာဉ်တွင် DDG အတန်းအစား ပဲ့ထိန်းဒုံးခွင်းဒုံး တပ်ဆင်၍ ပစ်ခတ်စမ်းသပ်မည် ဖြစ်ပြီး Littoral တိုက်ခိုက်ရေး သင်္ဘော၏ ရည်မှန်းချက် တာဝန်များကို ထောက်ကူပြုပေးနိုင်မည် ဖြစ်သည်။ အမေရိကန် ရေတပ်သည် MQ-8C Fire Scout ကို ပင်လယ် ဓားပြတိုက်ဖျက်ရေး ရည်မှန်းချက် တာဝန်များနှင့် အာဖဂန်နိုင်ငံရှိ စစ်ဆင်ရေးဆိုင်ရာ အထောက်အကူပြု ထောက် လှမ်းရေး သတင်းအချက်အလက်များ စုဆောင်းရန် လက်ရှိ အသုံးပြုနေသော MQ-8B Fire Scout ထက် ပိုမို အကြမ်းခံ၍ အလေးချိန် ပိုမိုတင်ဆောင်နိုင်ပြီး အကွာအဝေး ပိုမိုပျံသန်းနိုင်ရန် ပုံစံရေးဆွဲ ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
MQ-8C Fire Scout ကို ၂ဝ၁၄ ခုနှစ် အစောပိုင်းတွင် စတင်တပ်ဖြန့် ချထားနိုင်ရေးမျှော်လင့် ထားပြီး ၎င်းရဟတ် ယာဉ်သည် အမေရိကန်-အာဖရိက ကွပ်ကဲမှု ဌာနချုပ်နှင့် အထူးစစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်တို့၏ အရေးကြီးလို အပ်နေသော လိုအပ်ချက် တာဝန်များကို ထမ်းဆောင်သွားနိုင်မည် ဖြစ်ကြောင်း အမေရိကန် ရေတပ်က ပြောကြား ခဲ့သည်။
refind; http://www.myawady.com.mm

No comments:
Post a Comment