ဗန်ကောက် ဖေဖော်ဝါရီ ၂၁
ထိုင်းအစိုးရ အနေဖြင့် လယ်သမားများအပေါ်
ဆန်ဖိုးများ ပေးချေရန် ကျန်ရှိမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ရင်လပ်သည်
တာဝန်ပေါ့ဆမှု ရှိသည်ဟူသော ထိုင်းအကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်
(NACC) ၏ စွပ်စွဲချက်များအား ထိုင်းယာယီ ဝန်ကြီးချုပ် ရင်လပ်က ဖေဖော်ဝါရီ
၂ဝ ရက်တွင် ငြင်းပယ်ခဲ့ကြောင်း သိရသည်။
မိမိအနေဖြင့်တရားနည်းလမ်းကျစွာ တာဝန်
ထမ်းဆောင်ခဲ့ကြောင်း၊ သို့ရာတွင် NACC က မိမိ၏ လုပ်ရပ်နှင့် ဆန့်ကျင်ဘက်
စွပ်စွဲနေခြင်းဖြစ်ကြောင်းနှင့် မိမိသည် အမှားအယွင်း ပြုလုပ်ခဲ့ခြင်း
မရှိကြောင်း ရင်လပ်က ပြောကြားခဲ့သည်။ NACC အနေဖြင့် ရင်လပ်အပေါ်
စွဲချက်များကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်းနှင့်
အဆိုပါ စွဲချက်များကို ဝန်ခံရန်အတွက် ရင်လပ်အား ဖေဖော်ဝါရီ ၂၇ ရက်တွင်
ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် ရင်လပ်က မိမိအနေဖြင့်
ဆန်စပါး ဝယ်ယူရေးဆိုင်ရာ မူဝါဒကော်မတီ ဥက္ကဋ္ဌ တာဝန်ပါ ယူခဲ့ပြီး မူဝါဒ
ချမှတ်ရေး အခန်းကဏ္ဍမှသာ ပါဝင်၍ လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင်
ပါဝင်ခဲ့ခြင်း မရှိကြောင်း ချေပပြောကြားခဲ့သည်။ ရင်လပ်အနေဖြင့်
ဝန်ကြီးချုပ် ရာထူးကို လက်လွှတ်ကာ တရားရင်ဆိုင်ရနိုင်ဖွယ် ရှိသော်လည်း NACC
သို့ လိုအပ်သော အထောက်အထားများ တင်ပြဖြေရှင်း ဆောင်ရွက်ရန်
အသင့်ရှိပါကြောင်း ထပ်လောင်းပြော ကြားခဲ့သည်။
http://www.myawady.net.mm
No comments:
Post a Comment