တရုတ်နိုင်ငံမှာ မာဖီးယား စတိုင် ပြစ်မှု ကျူးလွန်တယ်လို့ သတင်း မီဒီယာတွေက
ဖော်ပြခဲ့တဲ့ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ကို အစိုးရ
ရှေ့နေတွေက စွဲချက်တင်လိုက်ပါတယ်။
လူသတ်မှု၊ တရားမဝင် ဖမ်းဆီးမှု၊ လက်နက် တရားမဝင် ရောင်းဝယ်မှု အပါအဝင် ပြစ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွဲချက်တွေနဲ့ Hanlong မိုင်းကုမ္ပဏီ ဥက္ကဋ္ဌဌ လျူဟန်ကို လူသတ်မှု ၃ ခု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ သူ့ရဲ့ ညီအစ်ကို တော်စပ်သူနဲ့ အတူ မနှစ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက သူတို့အတွက် အကာအကွယ် ရအောင်၊ သြဇာ ကျယ်ပြန့်အောင် ဂိုဏ်းဖွဲ့ပြီး ပြည်နယ် အရာရှိတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ သူတို့ နှစ်ယောက်ကို စွဲဆိုထားတာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
http://www.thithtoolwin.com

![]() | |
ဂိုဏ်းဖွဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်ခံရတဲ့ အထင်ကရ စီးပွားရေးလုပ်ငန်းရှင် Liu Han |
No comments:
Post a Comment