Saturday, 22 February 2014

ကမ္ဘာ့ပထမဆုံး ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့

အဝေးက ကြည့်လိုက်ရင်တော့ သင်္ဘောတစ်စီးလို့ ထင်ရပါတယ်။ တကယ်တော့ ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။

ရေပေါ်မှာ တည်ဆောက် ထားတဲ့ မြို့ဆိုပေမယ့်လည်း အားလုံးရှိပါတယ်။ အဲဒါတွေ ကတော့ ရှော့ပင်စင်တာများ၊ ပန်းခြံများများ၊ ဈေးများ၊ ကျောင်းများ၊ ဆေးရုံးများ၊ မြို့တော် ခန်းမများ၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာ လက်ရာပြခန်း အဆောက်အအုံများ ၊ ရုပ်ရှင်ရုံများ အပြင် လေယာဉ်ကွင်းတောင် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်းမြေပေါ်ရှိ မြို့တစ်မြို့ ကဲ့သို့ပင် စီစဉ်ပေးထား ပါတယ်။

၎င်းမြို့မှာ အလွှာပေါင်း ၂၅ လွှာရှိပြီး အရှည်အားဖြင့် ၄၅၀၀ ပေ အမြင့် ၇၈၀ ပေ ဖြစ်ပါတယ်။ တည်နေရာ ကတော့ ဖလော်ရီဒါ ကမ်းခြေမှာ ဖြစ်ပါတယ်။ ကြီးမားပြီး ကျယ်ပြန့်တဲ့ သင်္ဘောတစ်စီးကဲ့သို့ တည်ဆောက်ထားတဲ့ ရေပေါ် လူနေ အဆောက်အအုံကြီးကို ကမ္ဘာ့ပထမဆုံး ရေပေါ် တည်ဆောက်ထားတဲ့ မြို့ အဖြစ် သတ်မှတ်ခံထား ရပါတယ်။
https://www.facebook.com/bestmmjokesphoto
 

No comments:

Post a Comment