Thursday, 28 August 2014


ဝါ​ရှင်​တန်  နိုဝင်ဘာ  ၁

အမေ​ရိ​ကန်​ရေတပ်​၏ MQ- 8C Fire Scout မောင်း​သူ​မဲ့ ရဟတ်​ယာဉ်​ပုံစံ​သစ်​သည် ကယ်​လီ​ဖိုး​နီး​ယား ပြည်နယ် ၌  အောက်တိုဘာ ၃​၁ ရက်​တွင် ၇ မိ​နစ်​ကြာ ပထမ​ဆုံး​အကြိမ်

အောင်မြင်​စွာ ပျံ​သန်း​နိုင်​ခဲ့​ကြောင်း အင်​တာ​နက် သ​တင်း​တစ်​ရပ်​အရ သိ​ရ​သည်။

ပထမ​အကြိမ်​ပျံ​သန်း​ပြီး ၃ နာရီ ခန့်​အကြာ ဒုတိယ​အကြိမ် ပျံ​သန်း​မှု​ကို ဆက်လက်​ဆောင်ရွက်​ခဲ့​ရာ အမြင့်​ပေ ၅​ဝ​ဝ အထိ​ရောက်​ရှိ ပျံ​တက်​နိုင်​ခဲ့​ကြောင်း သိ​ရ​သည်။ ၎င်း​ပုံစံ​သစ် မောင်း​သူ​မဲ့ ရဟတ်​ယာဉ်​တွင် DDG အတန်း​အစား ပဲ့​ထိန်း​ဒုံး​ခွင်း​ဒုံး တပ်​ဆင်​၍ ပစ်ခတ်​စမ်းသပ်​မည် ဖြစ်​ပြီး Littoral တိုက်ခိုက်​ရေး သင်္ဘော​၏ ရည်​မှန်း​ချက် တာဝန်​များ​ကို ထောက်​ကူ​ပြု​ပေး​နိုင်​မည် ဖြစ်​သည်။ အမေ​ရိ​ကန် ရေတပ်​သည် MQ-8C Fire Scout ကို ပင်လယ် ဓားပြ​တိုက်​ဖျက်​ရေး ရည်​မှန်း​ချက် တာဝန်​များ​နှင့် အာ​ဖ​ဂန်​နိုင်ငံ​ရှိ စစ်ဆင်​ရေး​ဆိုင်​ရာ အထောက်​အကူ​ပြု ထောက် လှမ်း​ရေး သ​တင်း​အချက်အလက်​များ စုဆောင်း​ရန် လက်​ရှိ အသုံးပြု​နေ​သော MQ-8B Fire Scout ထက် ပိုမို အကြမ်း​ခံ​၍ အလေး​ချိန် ပိုမို​တင်ဆောင်​နိုင်​ပြီး အကွာ​အဝေး ပိုမို​ပျံ​သန်း​နိုင်​ရန် ပုံစံ​ရေး​ဆွဲ ထုတ်​လုပ် ခဲ့​ခြင်း ဖြစ်​ကြောင်း သိ​ရ​သည်။

MQ-8C Fire Scout ကို ၂​ဝ​၁​၄ ခု​နှစ် အစော​ပိုင်း​တွင် စတင်​တပ်​ဖြန့် ချထား​နိုင်​ရေးမျှော်​လင့် ထား​ပြီး ၎င်း​ရဟတ် ယာဉ်​သည် အမေ​ရိ​ကန်-အာ​ဖ​ရိ​က ကွပ်​ကဲ​မှု ဌာန​ချုပ်​နှင့် အထူး​စစ်ဆင်​ရေး ကွပ်​ကဲ​မှု ဌာန​ချုပ်​တို့​၏ အရေးကြီး​လို အပ်​နေ​သော လို​အပ်​ချက် တာဝန်​များ​ကို ထမ်း​ဆောင်သွား​နိုင်​မည် ဖြစ်​ကြောင်း အမေ​ရိ​ကန် ရေတပ်​က ပြော​ကြား ခဲ့​သည်။

refind; http://www.myawady.com.mmအမေရိကန် ရေတပ်၏ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ် ပျံသန်း

Wednesday, 12 March 2014

တဖြည်းဖြည်း မြင့်တက် လာသည့် အိန္ဒိယ- တရုတ် နယ်စပ် အငြင်းပွားမှု

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အကြား နယ်စပ် စည်းမျဉ်း ဖြတ်ကျော်မှုနှင့် စပ်လျဉ်း၍ ယင်းနိုင်ငံ အစိုးရများ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပ၍ အဖြေရှာရန် ကြိုးပမ်း ခဲ့သော်လည်း တင်းမာမှုများမှာ တဖြည်းဖြည်းမြင့် တက်လာလျက် ရှိသည်ကို တွေ့ရသည်။
အိန္ဒိယ အာဏာပိုင် များက ပြောကြား ခဲ့သည်။ ထို့နောက်တွင် အိန္ဒိယ အစိုးရ သည် တရုတ် တပ်ဖွဲ့ဝင်များ၏ စခန်းချမှုကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတပ်များ စခန်းချရာမှ ၁၅ဝ မီတာခန့်သာ ကွာဝေး သည့် နေရာတွင် အိန္ဒိယ တပ်များကိုထပ်မံ ပြောင်းရွှေ့ ချထားခဲ့သည်။
သို့ရာတွင် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်ခြား စည်းမျဉ်းကို ဖြတ်ကျော်၍ အိန္ဒိယပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့သည် ဟူသော အိန္ဒိယ အစိုးရ၏ ပြောကြားချက်ကို တရုတ် နိုင်ငံက ငြင်းဆို ခဲ့ရုံသာမက တရုတ် တပ်ဖွဲ့များသည် ၎င်းတို့၏ ပိုင်နက် နယ်နိမိတ် အတွင်း၌သာ ကင်းလှည့်ခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာမှ ပြောရေးဆိုခွင့် ရှိသူ ဟွာချွမ်ယင်းက ပြန်လည် ချေပ ထားသည်ကို တွေ့ရသည်။
ထိုမျှသာမက အိန္ဒိယ စစ်တပ်သည် တရုတ် နယ်စပ်တွင် ''ရန်လိုသည့် ကင်း လှည့်ခြင်းမျိုး''ကို လုပ်ဆောင် ခဲ့သည်ဟု တရုတ် နိုင်ငံက ပြန်လည် စွပ်စွဲခဲ့ပြီး ယင်းသို့ လုပ်ဆောင်မှုများအား  ရပ်တန့်ပစ်ရန် အိန္ဒိယ နိုင်ငံအား  တောင်းဆို ထားခဲ့ သည်။
ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍  တရားဝင် ကန့်ကွက်ရန် အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ရန်ဂျန် မာသာအီက အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအား ဆင့်ခေါ်၍ တွေ့ဆုံခဲ့သည်။
ထို့အတူ အဆိုပါ နယ်စပ် အငြင်းပွား မှုကို ဖြေရှင်းရေး အတွက် အင်အားသုံး ဖြေရှင်းမည့် နည်းလမ်း အပါအဝင် အခြား ရွေးချယ်စရာ နည်းလမ်းများကို စစ်တပ်က အိန္ဒိယ အစိုးရထံ တင်ပြခဲ့သည့် အပြင် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီကရမ်ဆင်း ကိုယ်တိုင် ကက်ရှ်မီးယား ဒေသ သို့ လေယာဉ်ပျံဖြင့် သွားရောက်၍ ဒေသတွင်းရှိ တပ်မှူးများနှင့် တွေ့ဆုံပြီး အငြင်းပွားမှုနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်။
အလားတူပင် အိန္ဒိယ နိုင်ငံသည် နည်းလမ်းမျိုးစုံ အသုံးပြု၍ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု ကာကွယ်ရေး ဝန်ကြီး အေကေအန်ထော်နီ က အစောပိုင်းတွင် သတိ ပေးထားခဲ့သည်။ အိန္ဒိယ နိုင်ငံသည် ကက်ရှ်မီးယား ဒေသတွင် ပါကစ္စတန် နိုင်ငံနှင့် နယ်စပ် အငြင်းပွား မှုတွင်လည်း အလားတူ ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။
အိန္ဒိယနှင့်   တရုတ်နိုင်ငံ တို့သည် နယ်စပ် အငြင်းပွားမှုကြောင့် ဟိမဝန္တာ ဒေသများဖြစ်သည့် လာဒက်နှင့် အာရွန် နာချာပရာဒက်ရှ်တို့တွင် ၁၉၆၂ ခုနှစ် အတွင်းက စစ်ပွဲ ဆင်နွဲခဲ့ကြပြီး ယင်းနောက်တွင်လည်း နယ်စပ်အရေး ဖြေရှင်းနိုင်ရန် ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေး နွေးခဲ့သော်လည်း အငြင်းပွားမှုကို အပြီးတိုင် ဖြေရှင်း နိုင်ခဲ့ခြင်း မရှိပေ။
ယခု ဖြစ်ပွားခဲ့သည့် အိန္ဒိယ- တရုတ် နယ်စပ် အငြင်းပွားမှုသည် အာရှဒေသတွင် ကြီးထွားလာသည့် တရုတ် နိုင်ငံ၏ လွှမ်းမိုးမှုကို ယှဉ်နိုင်ရန် အတွက် အမေ ရိကန် အစိုးရက''အာရှဒေသ ဗဟိုပြုရေး'' မူဝါဒကို အကောင် အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ပေါ်ထွက်လာခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယ နိုင်ငံတို့သည် ''မဟာဗျူဟာမြောက် ပူးပေါင်းရေး'' အဖွဲ့ကို ဖွဲ့စည်း တည်ထောင်၍ တရုတ် အစိုးရ၏ အင်အား ကြီးထွားလာမှုကို တန်ပြန်ရန် ရည်ရွယ် ထားလျက် ရှိသောကြောင့် လက်ရှိ ဖြစ်ပွားနေသည့် နယ်စပ် အငြင်းပွားမှုကို သက်ဆိုင်ရာ နိုင်ငံများ က ခေါင်းအေးအေး ထား၍ ဖြေရှင်းရန် လိုအပ်မည်ဟု သုံးသပ်ရပါ သည်။    ။
http://www.myawady.net.mm

အမေရိကန် ရေတပ်၏ USS Gerald R.Ford လေယာဉ်တင် သင်္ဘောအား အသေးစိတ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်မည်


ဝါရှင်တန် မတ် ၁၁
အမေရိကန် ရေတပ်၏ USS Gerald R.Ford လေယာဉ်တင် သင်္ဘောအား အသေးစိတ် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ရန် နှစ်နှစ်ကျော် ကြာမြင့်မည် ဖြစ်ပြီး ၎င်းတွင် နောက်ဆုံးပေါ် ရေဒါ နည်းပညာ များနှင့် လေယာဉ်တင် သင်္ဘောပေါ်မှ မောင်းသူမဲ့ လေယာဉ်များ ပစ်လွှတ်နိုင်ရေး နောက်ဆုံးပေါ် စနစ်များ တပ်ဆင်ထားကြောင်း မတ် ၁၁ ရက် အင်တာနက် သတင်းတစ်ပုစ် အရ သိရသည်။
USS Gerald R.Ford လေယာဉ်တင် သင်္ဘောသည် အလေးချိန်တန် ၁ဝဝ,ဝဝဝ နီးပါးရှိပြီး အမှုထမ်း ဦးရေ ၄၆ဝဝ ကျော် နေထိုင်နိုင်ကာ လေယာဉ် ၇၅ စင်းအထိ တင်ဆောင် ထားနိုင်ကြောင်း၊ ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံ ဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ရေတပ်၌ တာဝန် ထမ်းဆောင်ရန် သတ်မှတ် ထားသော်လည်း ၎င်းသင်္ဘော တည်ဆောက်သူများ အနေဖြင့် တပ်ဆင်ထားသော စနစ် အများအပြားကို အသေးစိတ် စမ်းသပ် စစ်ဆေးရန် ၂၆ လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
၎င်းသင်္ဘောတွင် အဆင့် မြှင့်တင်ထားသော ရေဒါ စနစ်များ ၊ ပိုမို စွမ်းအားပြည့်သော နျူကလီးယား စွမ်းအင် စက်ရုံများနှင့် သင်္ဘော ကုန်းပတ်မှ လေယာဉ်များကို ပိုမို ထိရောက်စွာ တွန်းပို့ ပေးနိုင်သော အီလက်ထရို မဂ္ဂနက်တစ် ပစ်လွှတ်စင်များ အပါအဝင် နည်းပညာသစ် အမြောက်အမြား ထည့်သွင်းတပ်ဆင် ထားသောကြောင့် ၎င်းသဘောင်္ စမ်းသပ်မှု အဆင့်များကို ပုံမှန်ထပ် ပိုမို ဆောင်ရွက်ရပြီး အချိန်ကာလ ပိုမို ကြာမြင့်နိုင်ကြောင်း သိရသည်။
Ford အတန်းအစား လေယာဉ်တင် သင်္ဘောများသည် အမေရိကန် ရေတပ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော Nimitz အတန်းအစား လေယာဉ်တင် သင်္ဘောများ နေရာတွင် အစားထိုး တာဝန် ထမ်းဆောင်သွားမည် ဖြစ်ပြီး နှစ်ပေါင်း ၅၀ ခန့် တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

Thursday, 27 February 2014

မြောက်ကိုရီးယားတာတိုပစ် ဒုံးကျည် ၄ ခု စမ်းသပ်ပစ်လွှတ်ခဲ့

မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းခြေကနေ ပင်လယ်ပြင်ဘက်ကို တာတိုပစ် ဒုံးကျည် ၄ ခု ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်ကို တောင်မြောက် ပိုင်းခြားထားတဲ့ စစ်ရေးမျဉ်းလိုင်းရဲ့ မြောက်ဘက် သိပ်မဝေးတဲ့ တောင်ကုန်းတစ်ခုပေါ်ကနေ ဒီဒုံးကျည်တွေ ပစ်လွှတ်တာလို့ ထုတ်ပြန်တဲ့အထဲမှာ ဆိုထားပါတယ်။

နိုင်ငံတကာက တာဝေးပစ် ထိပ်ဖူးတပ် ဒုံးတွေ ပစ်လွှတ်ဖို့ တားမြစ်ထားပေမယ့် ဒီ တာတိုပစ် ဒုံးတွေအပေါ်မှာတော့ ကန့်သတ်ထားခြင်း မရှိပါဘူး။

ဒီလို ပစ်လွှတ်မှုဟာ ပုံမှန် ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှု ဖြစ်ပေမယ့် ဒီသီတင်းပတ်ထဲမှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ဆိုင်နေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို စစ်ရေးပြင်ဆင်မှု အနေနဲ့ မြောက်ကိုရီးယားက ရှုတ်ချထားခဲ့ပြီး နျူကလီယား စစ်ပွဲတွေ အဖြစ်ထိ ကူးပြောင်းသွားနိုင်တယ်လို့ သတိပေးထားပါတယ်။

http://www.bbc.co.uk/burmese/world/2014/02/140227_north_korea_missiles.shtml


Saturday, 22 February 2014

ကမ္ဘာ့ပထမဆုံး ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့

အဝေးက ကြည့်လိုက်ရင်တော့ သင်္ဘောတစ်စီးလို့ ထင်ရပါတယ်။ တကယ်တော့ ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။

ရေပေါ်မှာ တည်ဆောက် ထားတဲ့ မြို့ဆိုပေမယ့်လည်း အားလုံးရှိပါတယ်။ အဲဒါတွေ ကတော့ ရှော့ပင်စင်တာများ၊ ပန်းခြံများများ၊ ဈေးများ၊ ကျောင်းများ၊ ဆေးရုံးများ၊ မြို့တော် ခန်းမများ၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာ လက်ရာပြခန်း အဆောက်အအုံများ ၊ ရုပ်ရှင်ရုံများ အပြင် လေယာဉ်ကွင်းတောင် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်းမြေပေါ်ရှိ မြို့တစ်မြို့ ကဲ့သို့ပင် စီစဉ်ပေးထား ပါတယ်။

၎င်းမြို့မှာ အလွှာပေါင်း ၂၅ လွှာရှိပြီး အရှည်အားဖြင့် ၄၅၀၀ ပေ အမြင့် ၇၈၀ ပေ ဖြစ်ပါတယ်။ တည်နေရာ ကတော့ ဖလော်ရီဒါ ကမ်းခြေမှာ ဖြစ်ပါတယ်။ ကြီးမားပြီး ကျယ်ပြန့်တဲ့ သင်္ဘောတစ်စီးကဲ့သို့ တည်ဆောက်ထားတဲ့ ရေပေါ် လူနေ အဆောက်အအုံကြီးကို ကမ္ဘာ့ပထမဆုံး ရေပေါ် တည်ဆောက်ထားတဲ့ မြို့ အဖြစ် သတ်မှတ်ခံထား ရပါတယ်။
https://www.facebook.com/bestmmjokesphoto
 

တရုတ် လုပ်ငန်းရှင်ကို ဂိုဏ်းဖွဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်

တရုတ်နိုင်ငံမှာ မာဖီးယား စတိုင် ပြစ်မှု ကျူးလွန်တယ်လို့ သတင်း မီဒီယာတွေက ဖော်ပြခဲ့တဲ့ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်ကို အစိုးရ ရှေ့နေတွေက စွဲချက်တင်လိုက်ပါတယ်။

လူသတ်မှု၊ တရားမဝင် ဖမ်းဆီးမှု၊ လက်နက် တရားမဝင် ရောင်းဝယ်မှု အပါအဝင် ပြစ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွဲချက်တွေနဲ့ Hanlong မိုင်းကုမ္ပဏီ ဥက္ကဋ္ဌဌ လျူဟန်ကို လူသတ်မှု ၃ ခု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ သူ့ရဲ့ ညီအစ်ကို တော်စပ်သူနဲ့ အတူ မနှစ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက သူတို့အတွက် အကာအကွယ် ရအောင်၊ သြဇာ ကျယ်ပြန့်အောင် ဂိုဏ်းဖွဲ့ပြီး ပြည်နယ် အရာရှိတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ သူတို့ နှစ်ယောက်ကို စွဲဆိုထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.thithtoolwin.com


ဂိုဏ်းဖွဲ့ ပြစ်မှုတွေနဲ့ စွဲချက်တင်ခံရတဲ့ အထင်ကရ စီးပွားရေးလုပ်ငန်းရှင် Liu Han 

တာဝန်ပေါ့ဆမှုရှိသည် ဟူသော စွဲချက်များကို ဝန်ကြီးချုပ် ရင်လပ် ငြင်းပယ်

ဗန်ကောက်  ဖေဖော်ဝါရီ  ၂၁ 
ထိုင်းအစိုးရ အနေဖြင့် လယ်သမားများအပေါ်  ဆန်ဖိုးများ ပေးချေရန် ကျန်ရှိမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ရင်လပ်သည် တာဝန်ပေါ့ဆမှု ရှိသည်ဟူသော ထိုင်းအကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ၏ စွပ်စွဲချက်များအား  ထိုင်းယာယီ ဝန်ကြီးချုပ် ရင်လပ်က ဖေဖော်ဝါရီ ၂ဝ ရက်တွင် ငြင်းပယ်ခဲ့ကြောင်း သိရသည်။
 မိမိအနေဖြင့်တရားနည်းလမ်းကျစွာ တာဝန် ထမ်းဆောင်ခဲ့ကြောင်း၊  သို့ရာတွင် NACC  က မိမိ၏ လုပ်ရပ်နှင့် ဆန့်ကျင်ဘက် စွပ်စွဲနေခြင်းဖြစ်ကြောင်းနှင့် မိမိသည် အမှားအယွင်း ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ရင်လပ်က ပြောကြားခဲ့သည်။ NACC အနေဖြင့် ရင်လပ်အပေါ် စွဲချက်များကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်းနှင့် အဆိုပါ စွဲချက်များကို ဝန်ခံရန်အတွက်   ရင်လပ်အား ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် ရင်လပ်က  မိမိအနေဖြင့်  ဆန်စပါး ဝယ်ယူရေးဆိုင်ရာ မူဝါဒကော်မတီ  ဥက္ကဋ္ဌ တာဝန်ပါ ယူခဲ့ပြီး   မူဝါဒ ချမှတ်ရေး အခန်းကဏ္ဍမှသာ ပါဝင်၍  လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း ချေပပြောကြားခဲ့သည်။ ရင်လပ်အနေဖြင့် ဝန်ကြီးချုပ် ရာထူးကို လက်လွှတ်ကာ  တရားရင်ဆိုင်ရနိုင်ဖွယ် ရှိသော်လည်း NACC သို့ လိုအပ်သော အထောက်အထားများ တင်ပြဖြေရှင်း ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ထပ်လောင်းပြော ကြားခဲ့သည်။
http://www.myawady.net.mm

နိုင်ငံတကာသတင်း

International News